Tuesday, May 19, 2015

Huawei G730-U00_Build_number_151 Super Boot

အခုနောက်ပိုင်း G730-U00 B 151 မှာ Root ဖောက်မရဖြစ်နေတာတွေအတွက်ပါ။

Build number 151 super boot ဖိုင်ဖြစ်ပါတယ်။

ပေးထားသော boot ဖိုင်ကို SP Flash tool ဖြင့် flash ပေးလိုက်ရင်

တစ်ခါတည်း Root လည်း ဖောက်ပြီးသား ဖြစ်သွားပါမယ်။

Myanmar font နဲ့ frozen keyboard ကိုလည်း တစ်ခါတည်း သွင်းပြီးသားဖြစ်သွားပါမယ်။

Super boot file ကို Download ယူရန် >>>>>>

DOWNLOAD

Sunday, March 22, 2015

MTK devices တွေ usb debugging on မထားလည်း adb သိအောင်လုပ်နည်း

လိုအပ်ချက်များ........
၁။MauiMETA_3G.exe
၂။ MTK usb VCOM Driver ဒါကတော့ရှိပီးသားဖြစ်မှာပါ
၃။ Pattern,Pin,Passowrd ဖျက်ဖို့အတွက် Shaume or Rom Master or Other software

လိုအပ်တာတွေစုံပီဆိုရင်တော့
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂။ MauiMETA ကို install လုပ်ပီး ဖွင့်လိုက်ပါ
၃။ menu bar ကနေ Option>Connect smart phone into META mode ကိုနှိပ်ပါ
reconnect button ကိုနှိပ်ပါ figure-1
၎။ ပီးတာနဲ့ ဖုန်းကို vol up ကိုနှိပ်ထားပီး usb ကြိုးချိတ်လိုက်ပါ..  vol up ကိုမလွှတ်ပါနဲ့ ဆက်နှိပ်ထားပါ စက္ကန့်၂၀လောက်နှိပ်ထားလိုက်ရင်.. figure-2 ထဲကလိုပုံလေးပေါ်လာပီဆိုရင် ဖုန်းဟာ META mode ထဲရောက်သွားပါပီ. logo မှာပဲရပ်နေပါလိမ့်မယ်
၅. ဒါဆိုရင်တော့ Adb က သိမယ့်အနေအထားရောက်သွားပါပြီ.. Adb နဲ့ စစ်ကြည့်ရင် ဖုန်းကို သိနေပါလိမ့်မယ်... Adb သိပြီဆိုတော့ Adb နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် အမျိုးမျိုး လုပ်လို့ရပြီပေါ့ဗျာ... သေချာအောင် PC Suite တစ်ခုခုနဲ့ စစ်ကြည့်ပါ.. အောက်က ပုံမှာတော့ Pattern Lock ဖြည်ဖို့အတွက် ROM master ကိုဖွင့်လိုက်တာ ဖုန်းကို Adb သိနေတဲ့အနေအထားပါ... Adb သိနေတော့ Pattern ကို တစ်ချက်ပဲ နှိပ်ပြီး ဖြုတ်လိုက်တယ်လေ... User Data တွေ မဆုံးရှုံးတော့ဘူးပေါ့...



Samsung တွေအတွက် TAR_MD5 PACKAGER

Samsung တွေအတွက် အလွန်အသုံးဝင်ပါတယ်။
ဥပမာ- cwm တင်ချင်တယ်ဆိုရင် recovery file က .tar ဖို်င်မဟုတ်ဘဲ
.img ဖြစ်နေတယ်ဆိုရင် Odin နဲ့တင်လို့မရသေးပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့
recovery.img ကို TAR_MD5 PACKAGER ထဲက
parts ထဲမှာထည့်ထားပေးပြီး bat file ကို run ပီး ဆက်လုပ်သွားရုံပါပဲ
tar ဖိုင်က packaged ထဲမှာထွက်လာမှာပါ
ဒါဆိုရင် Odin ထဲမှာထည့်ပြီးတင်လို့ရသွားပါပြီ။
Firmware များကိုလည်း .tar.md5 အဖြစ်ပြန်ပေါင်းလို့ရပါတယ်။

DOWNLOAD

အားလုံးပဲအဆင်ပြေကြပါစေ။